Fetal Macrosomia (မွေးကင်းစကလေး အရွယ်အစားကြီးခြင်း)
16-Aug-2018အကျဉ်းရှင်းလင်းချက်
မွေးကင်းစကလေး အရွယ်အစားကြီးခြင်းဆိုသည်မှာ
မွေးပြီးပြီးချင်း ကလေး၏ ကိုယ်အလေးချိန်သည် ၈ပေါင် ၁၃ အောင်စ (၄၀၀၀ ဂရမ်) ထက်များခြင်းကို
ခေါ်ဆိုခြင်းဖြစ်သည်။ ကလေး၏ကိုယ်အလေးချိန် ၉ပေါင် ၁၅အောင်စထက်များပါက မွေးဖွားစဉ်ပြဿနာများရှိ၍
ကလေးနှင့်မိခင် အသက်အန္တရာယ်ထိခိုက်မှုရှိနိုင်သည်။
လက္ခဏာများ
ကိုယ်ဝန်ဆောင်စဉ်
မွေးကင်းစကလေး အရွယ်အစားကြီးခြင်း ကိုသိနိုင်ရန်ခဲယဉ်းသည်။ တွေ့ရှိနိုင်သည့်
လက္ခဏာများမှာ
- လအလိုက်ရှိရမည့်
ဗိုက်အရွယ်အစားထက် ကြီးနေခြင်း
- ရေမွှာရည်များခြင်း - ရေမွှာရည်သည်
ကိုယ်ဝန်ဆောင်နေစဉ် ကလေးဝမ်းဗိုက်အတွင်းတွင် ဆီးပေါက်ရာမှ ဖြစ်လာခြင်းဖြစ်ရာ
ကလေးအရွယ်အစားကြီးလျှင် ဆီးပိုမိုပေါက်ခြင်းကြောင့် ရေမွှာရည်များခြင်းဖြစ်သည်။
ဖြစ်ပွားရသော
အကြောင်းရင်းများ
ကိုယ်ဝန်ဆောင်စဉ် မွေးကင်းစကလေး အရွယ်အစားကြီးခြင်း သည် မျိုးရိုးကြောင့်သော်လည်းကောင်း၊ မိခင်ဝခြင်း (သို့) ဆီးချိုရှိခြင်းကြောင့်သော်လည်းကောင်း ဖြစ်နိုင်သည်။ အကြောင်းအရင်းမရှိပဲ ကိုယ်အလေးချိန်များခြင်းများလည်းရှိသည်။
ဖြစ်နိုင်ချေများသူများ
- အမေကိုယ်ဝန်ဆောင်စဉ်
ဆီးချိုရှိနေခြင်း
- ယခင်က ကိုယ်အလေးချိန်များသည့်
ကလေးမွေးဖွားဖူးခြင်း အထူးသဖြင့် ၈ပေါင် ၁၃ အောင်စထက်များခြင်း
- မိခင်အဝလွန်ခြင်း
- ကိုယ်ဝန်ဆောင်စဉ်
ကိုယ်အလေးချိန်တက်ခြင်း
- ယခင်ကကိုယ်ဝန်ဆောင်ဖူးခြင်း -
ယေဘုယျအားဖြင့် နောက်မှမွေးသည့်ကလေးသည် ရှေ့ကမွေးသည့်ကလေးထက်
အလေးချိန်ပိုများလေ့ရှိသည်။
- ယောကျာ်းလေး ကိုယ်ဝန်ဖြစ်ခြင်း
- သတ်မှတ်ထားသည့် မွေးရက်ထက်
နှစ်ပတ်ကျော်လာခြင်း
- မိခင်၏ကိုယ်ဝန်ဆောင်သည့် အသက်အရွယ်တို့အပေါ်မူတည်၍ မွေးဖွားစဉ်ကလေးအလေးချိန်များခြင်းများ ဖြစ်လေ့ရှိသည်။
နောက်ဆက်တွဲ ပြဿနာများ
မွေးကင်းစကလေး အရွယ်အစားကြီးခြင်းကြောင့် မိခင်ရောကလေးပါ ကိုယ်ဝန်ဆောင်စဉ် နှင့် မွေးဖွားပြီးလျှင် နောက်ဆက်တွဲပြဿနာများ ရှိနိုင်သည်။မိခင်ကြုံတွေ့နိုင်သည့် ပြဿနာများ
·
မွေးဖွားစဉ်ပြဿနာများ
- ကလေးကြီးနေခြင်းကြောင့် မွေးလမ်းကြောင်းတွင်ညှပ်၍ မွေးရခက်နေခြင်း၊ မွေးဖွားစဉ်
ဒဏ်ရာရခြင်း၊ လေစုပ်၍မွေးရခြင်း၊ ညှပ်ဆွဲမွေးရခြင်းများ ရှိနိုင်သည်။ အရေးပေါ်
ဗိုက်ခွဲမွေးရခြင်း ဖြစ်နိုင်သည်။
- မိခင်၏ မွေးလမ်းကြောင်းပြဲသွားခြင်း
- မွေးဖွားပြီးနောက် သွေးဆင်းခြင်း
- သားအိမ်ကွဲထွက်ခြင်း၊ ပြဲသွားခြင်း များလည်းဖြစ်နိုင်သည်။
မွေးကင်းစကလေးတွင်
ကြုံတွေ့နိုင်သည့် ပြဿနာများ
- မွေးဖွားလာသည့်ကလေး၏
သွေးအတွင်းအချိုဓာတ်သည် ပိုမှန်ထက်လျော့နည်းနေခြင်း
- မွေးဖွားလာသောကလေးသည်
သာမန်ကလေးထက်ကို အဝလွန်ခြင်း ပို၍ဖြစ်နိုင်ခြင်း
- သွေးတိုးခြင်း၊
သွေးတွင်းသကြားဓာတ်များခြင်း၊ ကိုယ်တွင်း Cholesterolဓာတ်များခြင်း
စသည့်ရောဂါစု(Metabolic Syndrome) ပို၍ဖြစ်နိုင်ခြင်း စသည်တို့ဖြစ်သည်။
စစ်ဆေးမှုများ
ပြုလုပ်နိုင်သည့်
စစ်ဆေးမှုများ
·
အာထရာဆောင်းရိုက်ခြင်း(Ultrasound)
·
ကလေး၏ နှလုံးခုန်သံကို နားထောင်ခြင်း၊
ကလေး၏ လှုပ်ရှားမှုများ၊ ရေမွှာရည် ပမာဏစသည်တို့ကိုတိုင်းတာခြင်း စသည်တို့
ပြုလုပ်နိုင်သည်။
ကုသခြင်း
ကလေး၏ ကိုယ်အလေးချိန်များနေခြင်း၊
အရွယ်အစားကြီးခြင်းကို သိရှိထားပါက ကလေးကိုဆေးရုံတွင်သာ မွေးဖွားသင့်ပါသည်။ အောက်ပါအခြေအနေများရှိပါက
ကလေးကိုခွဲမွေးရန် လိုအပ်သည်။
- အမေကိုယ်ဝန်ဆောင်စဉ်
ဆီးချိုတက်လျှင်သော်လည်းကောင်း
- ကလေး၏ ကိုယ်အလေးချိန်သည် ၁၁
ပေါင်ထက်များလျှင်သော်လည်းကောင်း
- ကလေး၏ ပုခုံးသည် အမေ၏တင်ပဆုံရိုးနှင့် ညှပ်နေလျှင်သော်လည်းကောင်း(Shoulder Dystocia) ခွဲမွေးရန်လိုအပ်သည်။
ကာကွယ်ခြင်း
ဝမ်းဗိုက်အတွင်း
ကလေးအရွယ်အစားကြီးခြင်းကို ကာကွယ်၍ မရနိုင်သော်လည်း ကိုယ်ဝန်ဆောင်စဉ် ကျန်းမာအောင်
ပြုမူနေထိုင်၍ရပါသည်။ကိုယ်ဝန်အပ်ခြင်းကို
အချိန်ဇယားအတိုင်း မှန်မှန်ပြသခြင်း
- ကိုယ်အလေးချိန်ကို
အမြဲစမ်းစစ်ခြင်း
- ကိုယ်ဝန်ဆောင်စဉ် ဆီးချိုကို
အမြဲစစ်၍ ထိန်းပေးခြင်း
- ကိုယ်ဝန်ဆောင်ပြုလုပ်၍ရသည့်
လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း စသည်တို့ပြုလုပ်နိုင်ပါသည်။
Ref: Mayo
Clinic
Translated By Dr. Archer(7887 Healthcare Call Center)